ပလောက် စက်တင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပလောက်မြို့ Community Centre၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Talk Show တွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်နှင်းမြူ လွင်က လူကုန်ကူးမှုအန္တရာယ်ကိုသိရှိပြီး ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လူကုန်ကူးမှုဆိုသည်မှာ၊ လူကုန်ကူးမှုပေါ်ပေါက်လာသည့် အကြောင်းအရာများ၊ လူကုန်ကူးခြင်းနှင့်လူမှောင်ခိုခြင်း၊ လူကုန်ကူးခံရနိုင်သည့် အဓိက အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ချိုချိုဌေးက လူကုန်ကူးသူများ၏ စုဆောင်း နည်း၊ သယ်ယူပို့ဆောင်နည်းနှင့် လူကုန်ကူးမှုအများဆုံးခံရနိုင်သူများအကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)