စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ ပတ္တမြားစေတီတောင်တက်လမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားနှင့် အလှူငွေပေးအပ်ပွဲနှင့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား  တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပတ္တမြားစေတီတောင်တက်လမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး အနီးတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်း များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ တက်ရောက်ကြသည်။

လယ်ဝေးမြို့နယ်ရုံး ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ကျောင်းသူလေးများ မြန်မာစာ သတ်ပုံပြိုင်ပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာ ဗဟုသုတများတိုးပွားပြီး လေ့လာမှတ်သားနိုင်မှုစွမ်းရည်များ ရရှိနိုင်စေရန်အတွက်

မြောင်းမြမြို့ အ.ထ.က(၂)ကျောင်း၌ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို အမှတ်(၈၁) ယာဉ်ထိန်းတပ်ဖွဲ့ (မြောင်းမြ)က ယမန်နေ့ နံနက် (၁၁)နာရီ အချိန်တွင် အ.ထ.က(၂)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ Mask Campaign ပြုလုပ်ခြင်းနှင့်အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကြီးကြပ်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်စေရန် ယနေ့နံနက် ၈နာရီက လူစည်ကားရာနေရာများ၊ ဈေးများနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ Mask Campaign ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် မြတ်ကြီး၌ သံဃာအပါး(၅၀၀)တို့အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ တက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဝါတွင်းကာလ လပြည့်အဖိတ်နေ့တိုင်း သံဃာအပါး (၅၀၀)တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊လောကာနန္ဒာစေတီ တော်မြတ်ကြီးအတွင်း၌ ကျင်းပရာ

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကုန်စျေးနှုန်းသက်သာချောင်ချိစွာဝယ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁ /၂၀၂၂) သို့ တက်ရောက်

ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် အခြေခံစားကုန်များ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာအုပ်ပြပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

၂၀၂၂ခုနှစ်၊ ယမန်နေ့တွင်ကျရောက်သော နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာအုပ်ပြပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာ​စောင်ပြသခြင်းကို သံတွဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာပေချစ်မြတ်နိုးသူလူငယ်များ​ဖြင့် ယနေ့  နေ့လယ် ၁၂ နာရီက အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ နှင့် ဒေသခံပြည်သူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့်ကျေးရွာဒေသခံပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီက ကြက်လျှာကျေးရွာအုပ်စုအတွင်းရှိ ရွာလယ်ဓမ္မာရုံတွင်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
Subscribe to