ဝမ်းတွင်း စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့၊ သဲတော-ဝမ်းတွင်းလမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်မှသို့သွားလာရာတွင် နှာခေါင်းစည်း Maskကို မဖြစ်မနေတပ်စေပေးကြရန်၊ ကျန်းမားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်ကို အလေးထားလိုက်နာကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံကြရန် စသည်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦး ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် လုံခြုံရေးတပ်မတော်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြို့တွင်းလမ်းမကြီးနှင့် လူစည်ကားရာ နေရာများတွင် ပြည်သူများအား Mask များ အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)