တံတားဦးမြို့နယ်တွင်ကျေးလက်နေပြည်သူများ  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်

တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ စဉ်ဆက်အပြတ်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီက တံတားဦးမြို့နယ် ပျားကျေးရွာအုပ်စု ကုက္ကိုကန်ကျေးရွာ ရွာဦးဘုန်းတော်ကြီး ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

(၅၆)နှစ်မြောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကာယ/ ဉာဏ စွမ်းရည်ပြိုင်ပွဲ ပြုလုပ်

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကအကျဆုံးသော အခန်းကဏ္ဍသည် စာပေ တတ်မြောက်ခြင်းပင် ဖြစ်သည်။ စာတတ်မြောက်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ၊ စာပေထူးချွန်သည့် သားကောင်းရတနာ မျိုးဆက်သစ် အနာဂတ် လူငယ်များ ပေါ်ထွန်းလာစေရန် အတွက် မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  ယမန်နေ့က (၅၆)နှစ်မြောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ဖြင့် ဟောပြောပွဲနှင့် ကာယ/ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခဲ့သည်။

ကမာရွတ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို

ညောင်တုန်းမြို့နယ်၊ စက္ကော့ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဘုတလင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး တစ်ခါသုံး Mask များအခမဲ့ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ယနေ့နံနက်ပိုင်းက ဘုတလင်မြို့ လူစည်ကားရာနေရာတို့တွင် သွားလာကြသည့် ပြည်သူများအား နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး Masks Campaign ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မလှိုင်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေး ကော်မတီမှ    ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန် မှာကြား ချက်များအား မိဘပြည်သူများ သိရှိလိုက်နာဆောင်ရွက်သွားရန် အသိပေးကြေညာခြင်းကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မလှိုင်မြို့ မြို့မစည်ပင်သာယာဈေးကြီးပတ်ဝန်းကျင်နှင့် လူစည်ကားရာ နေရာများ၌ အသိပေးကြေညာခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး၊ မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၅ / ၂၀၂၂) အစည်းအဝေးများ ကျင်းပပြုလုပ်

မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့သည်။

ဇလွန်မြို့နယ်တွင် မြစ်ရေဝင်ကျေးရွာအုပ်စုများနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ကိုင်သူများသို့ တိရစ္ဆာန် အစာနုအိတ်များ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြစ်ရေဝင်ကျေးရွာအုပ်စုများနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ကိုင်သူများသို့ တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဖြန့်ဖြူးသော တိရစ္ဆာန်အစာနုအိတ်များ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

သထုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ Mask Campaign ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက်တွင် ဆောင်ရွက်ခဲ့ကြသည်။ 
Subscribe to