ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် လူကုန်ကူးမှုဆိုင်ရာ ဗဟုသုတများ သိရှိစေရန်၊ လူကုန်ကူးခံရနိုင်သည့် အခြေအနေမှ မိမိကိုယ်ကို ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ (၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီ၊ ဆေးရောင်ခြယ် ပြိုင်ပွဲများကို စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။