အင်္ဂပူမြို့၊ မြို့မဈေး၌ အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် (ဒုတိယအကြိမ်) ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့မဈေးရှေ့တွင် ယနေ့နံနက် ၆ နာရီ ၃၀ မိနစ် အချိန်မှ စတင်၍ ပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်း သက်သာစွာဖြင့် (ဒုတိယအကြိမ်) ရောင်းချပေးခဲ့သည်။

ကန့်ဘလူမြို့၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaign ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပထွက်သွားလာသူများ မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ကြရန် အသိပညာပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယမနနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု (၆)လ ပြည့်ပြီးသူများ အပိုထပ်ဆောင်းကာကွယ်ဆေးထိုးနှံရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု (၆)လပြည့်ပြီးသူများ အပိုထပ်ဆောင်းကာကွယ်ဆေး(Booster) ထိုးနှံကြရန်နှင့် ရောဂါကာကွယ်ရေး အသိ/ သတိရှိကြရန် ယမန်နေ့ ညနေ ၄ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အနောက်ရပ် တောင်ပိုင်းရပ်ကွက်အတွင်း လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။

အင်္ဂပူမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ် အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ယမန်နေ့ နေ့လည်ပိုင်းက ဘုရားငုတ္တိုအုပ်စု၊‌ တောင်ပေါ်ကုန်း ဘုန်းကြီး‌ကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရေး Booster ကာကွယ်ဆေးဆက်လက်ထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို  ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို မြို့နယ်ကျန်းမာရေးဌာနမှ ထိုးနှံပေးလျက်ရှိရာ

ကျိုက်ဒုံမြို့၊လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့ နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

လေးမျက်နှာမြို့နယ်တွင် ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaignနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လမ်းဆုံလမ်းခွများ၊ စျေးများတွင် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign နှင့် ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron ) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရောင်းချရေး၊ ယာဉ်များစနစ်တကျ ရပ်နားထားရှိရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to