မချမ်းဘော့ စက်တင်ဘာ ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆိုင်းဘုတ်စိုက်ထူခြင်းကို စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီက ဂူဘားလမ်းဆုံ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
အဆိုပါဆိုင်းဘုတ် စိုက်ထူခြင်းတွင် မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေး ကော်မတီဝင်များက လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ချမှတ်ထားသော ၂၀၂၂ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ရည်ရွယ်ချက်(၄)ရပ်ဖြစ်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ် စောင့်ရှောက်နိုင်ရန်၊ လူကုန်ကူမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရန်အချက်များနှင့် လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍ မြှင့်တင်လုပ်ဆောင်စို့ ဆောင်ပုဒ်ပါဝင်သည့် ဆိုင်းဘုတ်ကို စိုက်ထူကြပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေကြကြောင်း သတင်းရရှိပါသည်။
မြို့နယ် (ပြန်/ဆက်)