ဝါးခယ်မ စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သရွတ်မြိုက်ကျေးရွာရှိ ဇေတဝန်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် (အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းရုံးရေး) စသည့် စစ်ကြောင်းကြီး ငါးကြောင်းမှ တာဝန်ရှိသူများက သရွတ်မြိုက်ကျေးရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ နွေစပါး၊ ပဲတီစိမ်း၊ နေကြာစသည့် စိုက်ပျိုးသီးနှံများ စိုက်ပျိုးဖြစ်ထွန်းမှု၊ သမဝါယမဦးစီးဌာနနှင့် ဆက်သွယ်၍ ကန်ထရိုက်လယ်ယာလုပ်ငန်း (Contract Farming)၊ အကျိုးတူလယ်ယာ စနစ်ဖြင့် စပါးနှင့်ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ကျေးလက် လမ်းများဖောက်လုပ်ရန်လျှာထားမှု၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (နောက်ဆုံးအကြိမ်) ဖြေဆိုခွင့်လျှောက်လွှာပုံစံများအား စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အတွင်း မြို့နယ်ပညာရေးမှူးရုံးတွင် ဝယ်ယူလျှောက်ထားနိုင်မှု၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများအား အသိပေးဆွေးနွေးခြင်း၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအခြေအနေများနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအား အသီးသီး အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် စစ်ကြောင်းကြီး(၅)ကြောင်းမှ အဖွဲ့ခေါင်းဆောင်များက လိုအပ်သော လုံခြုံရေး အစီအမံများ၊ ပြည်သူများ၏ လိုအပ်ချက်၊ တင်ပြချက်များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)