ပုလောမြို့နယ် Community Centre ခန်းမ၌ စက္ကူရုပ်ခေါက်နည်းသင်တန်းဖွင့်လှစ်

ပုလော စက်တင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စက္ကူငှက်ရုပ်ခေါက်နည်းသင်တန်းကို ယနေ့နံနက်(၉)နာရီခွဲက ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စက္ကူငှက်ရုပ်ခေါက်နည်းသင်တန်းကို ကျောင်းသူ/ကျောင်းသားများအနေဖြင့် အားလပ်ချိန်တွင် မိမိကြိုက်နှစ်သက်ရာ အရုပ်ကိုခေါက်ခြင်းဖြင့် အိမ်တွင်အလှဆင်နိုင်ရန်၊ ဉာဏ်ရည်များ ထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ကျောင်းသား/သူ (၁၅) ဦးတက်ရောက်ခဲ့ပြီး အငယ်တန်းစာရေး ဒေါ်ဆုလဲ့ယဉ်က ရောင်စုံစက္ကူများဖြင့် ငှက်ရုပ်ခေါက်နည်းကို ဆက်လက်သင်ကြားပေးခဲ့ရာ ကျောင်းသူမရတီစိုးက သမီးတို့အနေဖြင့် လှပသောငှက်ရုပ်လေးများကို အချိန်တိုအတွင်းမှာ သင်ယူတတ်မြောက်၍ သမီးတို့အိမ်နှင့် ကျောင်းခန်းများတွင် အလှဆင်နိုင်ပြီဖြစ်သောကြောင့် များစွာဝမ်းမြောက်ဂုဏ်ယူကြောင်း ရင်တွင်းစကားသံကို ကြားသိခဲ့ရသည်။

အေးအေးမော်(ပုလော)