သံတောင်ကြီး စက်တင်ဘာ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) တို့ပူးပေါင်း၍ နိုင်ငံ တကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show) ကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနော်လော်မူက နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားခဲ့ပြီး ဒေါ်နော်ယွာအယ် (Book Club) အဖွဲ့ဝင်က ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့် အားလျော်စွာ လူငယ်လူရွယ်များ စာတတ်မြောက်မှသာလျှင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာအထောက် အကူဖြစ်စေမည်ဖြစ်ကြောင်း၊ စာတတ်မြောက်ရေးနေ့ဖြစ်ပေါ်လာပုံ၊ နည်းပညာ များအရှိန်အဟုန် မြှင့်ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ စာတတ်မှသာလျှင်အမှီ လိုက်နိုင် မည်ဖြစ် ကြောင်း၊ ပညာသည် ဉာဏ်မျက်စိအလင်းကို ဖွင့်ပေးနိုင်ကြောင်း၊ စာမတတ်ပါက လူတောမတိုးနိုင်ခြင်း၊ လူရာမဝင်ခြင်းစသည့် သာဓကများဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောမင်းသား