ခန္တီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာအုပ်/ စာစောင်ပြပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ပြုလုပ်

ခန္တီး စက်တင်ဘာ ၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူ အသိပညာပေးလုပ်ငန်းများ၊ ပြည်သူ့အကျိုပြုလုပ်ငန်းများဖြစ်သည့် (Talk Show)များ၊ စာဖတ်ဝိုင်းများ၊ ကျောင်းသား/ ကျောင်းသူများ၊ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြပွဲ/ ပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ညနေ(၃)နာရီခွဲအချိန်က ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာအုပ်/ စာစောင်ပြပွဲနှင့် စကားပုံဆက်ပြိုင်ပွဲပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသီဟထက်အောင်က စာဖတ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး စကားပုံဆက်ပြိုင်ပွဲ ကိုကျင်းပပြုလုပ်ပေးခဲ့သည်။ ထို့နောက် ခင်းကျင်းပြသထားသည့် စာအုပ်/ စာစောင်များအား တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူလေးများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)