ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့မစည်ပင်ဈေးဝန်းကျင်တွင် Mask Campaign ပြုလုပ်

ကျောက်ပန်းတောင်း စက်တင်ဘာ ၉

ကိုဗစ်-၁၉ မျိုးဗီဇကွဲရောဂါများ ကူးစက်ဖြစ်ပွားမှု များပြားလာသည့်အလျှောက် ပြည်သူများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ Mask Campaign ပြုလုပ်ခြင်းကို၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင်၊ ယနေ့နံနက်(၉)နာရီခွဲက မြို့မစည်ပင်သာယာဈေးဝန်းကျင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်ကျော့မွန်ကံနှင့် ဝန်ထမ်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဦးစီးဌာနမှ ဒေါက်တာမီမီသက်နှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်း(၅၂)ဦးဖြင့် ကျောက်ပန်းတောင်းမြို့ မြို့မစည်ပင်သာယာဈေးဝန်းကျင်၊ ပျံကျဈေးနှင့်မြို့မ ရပ်ကွက် ဗိုလ်ချုပ်လမ်းတို့တွင် အဖွဲ့(၂)ဖွဲ့ခွဲ၍ ဈေးသွား/ဈေးလာများနှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်း Mask အခုရေ (၂၀၀၀) ကို အခမဲ့ဖြန့်ဝေပေးကြပြီး အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်နှင့် လက်ဆေးခြင်း၊ လူစုလူဝေးအတွင်း သွားလာမှုရှောင်ကြဉ်ခြင်း၊ တစ်ဦးနှင့် တစ်ဦး အသိပေးသတိပေးခြင်းများနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးသတိရှိကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)