မချမ်းဘော့ စက်တင်ဘာ ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် လူကုန်ကူးမှုဆိုင်ရာ ဗဟုသုတများ သိရှိစေရန်၊ လူကုန်ကူးခံရနိုင်သည့် အခြေအနေမှ မိမိကိုယ်ကို ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ (၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီ၊ ဆေးရောင်ခြယ် ပြိုင်ပွဲများကို စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်နီနီလွင်က ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးများ၊ လူကုန်ကူးမှုခံရနိုင်သည့် နည်းလမ်းများ၊ လူကုန်ကူးမခံရစေရေးအတွက် သတိပြုရမည့် အချက်များ Online အသုံးပြု၍ လူကုန်ကူးခြင်းမခံရစေရန် သတိပြုရမည့် အချက်များ ၂၀၂၂ခုနှစ် လူကုန်ကူးမှုတိုက်ဖျက် ရေးနေ့ ရည်ရွယ်ချက်များကို အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကို ကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ (၃၀)ဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသားကျောင်းသူများကို ဝန်ထမ်းများက ဆုနှင့်အမှတ်တရ လက်ဆောင်များ အသီးသီး ပေးအပ် ခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများက ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ် စာစောင်များနှင့် စာအုပ် စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)