ဘီးလင်း စက်တင်ဘာ ၉
မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၁) နာရီက နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက စာတတ်မြောက်ရေးနေ့ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး(ပညာရေး) ဦးတင်မွန်က စာတတ်မြောက်မှု၏အဓိပ္ပါယ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ပြဌာန်းဖြစ်ပုံ၊ ကမ္ဘာ့စာတတ်မြောက်မှု ရာခိုင်နှုန်း၊ မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုအခြေအနေနှင့် ပညာရေးဌာနအနေဖြင့် စာတတ်မြောက်ရေး လုပ်ငန်းဆောင်ရွက်ချက်များ စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထူးနောင် (ဘီးလင်း ပြန်/ဆက်)