မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မကွေးမြို့ကန်သာဈေးတွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေးလှုပ်ရှားမှုများကို ယနေ့နံနက် ၇ နာရီအချိန်က ဈေးရောင်း၊ ဈေးဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (Mask) များအား အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။