ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားပြုလုပ်

မောင်တော စက်တင်ဘာ  ၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ ၈ ရက်နေ့တွက် ကျရောက်သော (၇၅)နှစ်မြောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန် အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ (၇၅)နှစ်မြောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားအဖြစ် ကျောင်းသား/ သူလေးများက ဝ ထ က လ သ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က  နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ပေါ်ပေါက်လာရခြင်း၊ မြန်မာနိုင်ငံမှ နိုင်ငံတကာစာတတ်မြောက်ရေးနေ့တွင် လှုပ်ရှားဆောင်ရွက်ခဲ့ပုံများ၊ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ စာတတ်မြောက်ရေးအတွက် ကာလအပိုင်းအခြား (၃)ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့မှုများနှင့် ထိုသို့လှုပ်ရှားဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ချီမြှင့်ခံခဲ့ရသည့် ဆုလာဘ်များအား စသည့်တို့ကို  ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ဇံအောင်က ယူနက်စကို ညွန်ကြားရေးမှူးချုပ်မှ ပေးပို့သော နိုင်ငံတကာစာတတ်မြောက်ရေးနေ့ သဝဏ်လွှာအားဖတ်ကြားခဲ့သည်။

ထို့နောက် ကျောင်းသား/ သူလေးများက ဇာတိမာန်သီချင်းဖြင့်သီဆိုခဲ့ကြပြီး  ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကိုကိုလေး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်တို့က ကျောင်းသား/ သူများအားဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)