ချမ်းမြသာစည် စက်တင်ဘာ ၉
ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ စစ်ကိုင်း-မန္တလေးလမ်းပေါ်တွင် ယမန်နေ့ နံနက် ၆ နာရီခန့်က လုံးပတ် (၁၅) ပေခန့်ရှိ သက်တမ်းရင့် ကုက္ကိုပင်ကြီး လဲကျခဲ့ခြင်းကြောင့် လျှပ်စစ်မီးတိုင်နှင့်ဖုန်းတိုင်အချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း သတင်းရရှိသည်။
အဆိုပါ သက်တမ်းရင့်ကုက္ကိုပင်ကြီး လဲကျမှုဖြစ်စဉ်ကြောင့် လျှပ်စစ်မီး(၁)တိုင်၊ ဖုန်းတိုင်(၃)တိုင် ထိခိုက်ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း၊ ကုက္ကိုပင်လဲကျမှုကြောင့် လမ်းပိတ် ဆို့မှုမဖြစ်ရေး၊ အများပြည်သူအဆင်ပြေစွာ သွားလာနိုင်ရေး၊ ယာဉ်များသွားလာနိုင်ရေးအတွက် ချမ်းမြသာစည်မြို့နယ် စည်ပင်ဦးစီးဌာနမှ ဦးမျိုးအောင်နှင့်အဖွဲ့၊ ရပ်ကွက်များမှ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ လူမှုကူညီရေးအသင်းမှ အသင်းသားများဖြင့် စုပေါင်းဝိုင်းဝန်း ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ခင်စိမ်း၀င်း (ပြန်/ဆက်)