ဓနုဖြူ စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ (၁၁)ရပ်ကွက်ရှိ ဦးအောင်ဇေယျ ဓမ္မာရုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူများအား အခြေခံ စားသောက်ကုန် ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက်(၈)နာရီအချိန်က စတင်ရောင်းချ ပေးလျက်ရှိသည်။
ထို့သို့ရောင်းချပေးရာတွင် ဓနုဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခမရ(၁၀၈)၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့မှ ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်၊ ဆီ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ ကြက်ဥ(၆) လုံးလျှင် (၁၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား (၁)ထုပ်လျှင် (၂၀၀)ကျပ်နှုန်းနှင့် တပ်မတော်စက်ရုံမှ ထုတ်လုပ်သော ပစ္စည်းများအား ဓနုဖြူမြို့နယ်အတွင်းရှိ လူဦးရေ (၆၀၀)ခန့်အား စျေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးခဲ့ ကြောင်းသိရသည်။
သက်သာသောစျေးနှုန်းဖြင့် ဆန်နှင့်စားသောက်ကုန် ပစ္စည်းများ ရောင်းချပေးခြင်းကို တနင်္လာနေ့နှင့် သောကြာနေ့များတွင် တစ်ပတ်လျှင်(၂)ကြိမ် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)