မာန်အောင် စက်တင်ဘာ ၈
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မေဃဝတီမဂ္ဂဇင်းကော်မတီမှ မာန်အောင်မြို့နယ်မှ ထုတ်ဝေလျက်ရှိသော မေဃဝတီမဂ္ဂဇင်းအမှတ်(၇) ဆက်လက်ထုတ်ဝေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (ပဉ္စမ) အကြိမ်ကို ယနေ့မွန်းလွဲ၁နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စာပေကော်မတီဝင်(၁၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မေဃဝတီမဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ နာယကဦးစောညွန့်မှ အဖွင့်အမှာစကားပြောကြားပြီး စာပေကော်မတီဥက္ကဋ္ဌဦးသန်းရွှေမှ ဘာသာပြန် စာရေးဆရာကြီး မောင်ပေါ်ထွန်း (နာရေး)ကူညီထောက်ပံ့မှုကိစ္စရပ်နှင့် စာမူရွေးချယ်ပြီးစီးမှု၊ မေဃဝတီမဂ္ဂဇင်းအမှတ် (၇)ထုတ်ဝေနိုင်ရေးတို့ကို ဆွေးနွေးကြရာစာပေကော်မတီဝင်များက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)