ကျောက်ဆည် စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ယဏ္ဍာနှစ်တွင် စားသုံးဆီဖူလုံပိုလျှံရေးအတွက် မြေပဲ၊နှမ်း၊နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံမျိုးစုံ(၅၀၂၆)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် မြေပဲသီနှံများကို တိုက်နယ်(၁)တွင်(၅၂)ဧက၊ တိုက်နယ်(၂)တွင်(၄၆)ဧက၊ တိုက်နယ်(၁၂)တွင်(၁၅)ဧက၊ နှမ်းသီးနှံများကို တိုက်နယ်(၁)တွင် (၇၅၃)ဧက၊ တိုက်နယ်(၂)တွင် (၇၄၇)ဧက၊ တိုက်နယ်(၇)တွင်(၁၃၈)ဧက၊ တိုက်နယ်(၁၀)တွင်(၆၇၆)ဧက၊ တိုက်နယ်(၁၁)တွင်(၁၈၅)ဧက၊ တိုက်နယ်(၁၂)တွင်(၁၆၉)ဧကနှင့် နေကြာသီးနှံများကို တိုက်နယ်(၁)တွင် (၈၄၁)ဧက၊ တိုက်နယ်(၂)တွင်(၉၀)ဧက၊ တိုက်နယ်(၃)တွင်(၅၃)ဧက၊ တိုက်နယ်(၄)တွင် (၇၇)ဧက၊ တိုက်နယ်(၅)တွင် (၁၃)ဧက၊ တိုက်နယ်(၆)တွင်(၄၅)ဧက၊တိုက်နယ်(၇)တွင်(၅၁)ဧက၊ တိုက်နယ်(၈) တွင်(၈၆၅)ဧက၊ တိုက်နယ်(၉)တွင်(၅၁)ဧက၊ တိုက်နယ်(၁၀)တွင် (၁၀)ဧက၊ တိုက်နယ်(၁၁)တွင် (၆၈)ဧက၊ တိုက်နယ်(၁၂)တွင်(၈၁)ဧက စုစုပေါင်း (၅၀၂၆)ဧက စိုက်ပျိုးပြီးကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် နေရာဒေသအလိုက် မိရိုးဖလာ စိုက်ပျိုးခြင်းနှင့် သိပ္ပံနည်းကျစိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း သိရသည်။
သက်မောင်