လပွတ္တာခရိုင် (၃)မိုင်မြို့သစ်တွင် အခြေခံစားသောက်ကုန်များ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

လပွတ္တာ စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ()မိုင်မြို့သစ်၊ အမှတ်()ရပ်ကွက်ရှိ ပြည်သူများအား အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥနှင့် ကြက်သွန်များကို ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးခဲ့ကြသည်။

အဆိုပါ အခြေခံစားသောက်ကုန် ရောင်းချပေးခြင်းကို လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆန်စက်လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖ အလှူရှင်များ၏ စီစဉ်မှုဖြင့် ဆင်းရဲနွမ်းပါး အိမ်ထောင်စု()စုလျှင် ဆန်တစ်ပြည် ၁၀၀၀ ကျပ်နှုန်း၊ ကြက်သွန် တစ်ပိဿာ(၁၅၀၀)ကျပ်နှုန်း၊ ကြက်ဥတစ်လုံး (၁၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင် (၁၂၀)ကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်နေ ဆင်းရဲနွမ်းပါးအိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များကို ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

လပွတ္တာ ခရိုင်(ပြန်/ဆက်)