လပွတ္တာ စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက စပါးဖြုတ်ပိုးအမျိုးမျိုးနှင့် ကာကွယ်နှိမ်နင်းရေး နည်းလမ်းများ အကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုခဲ့လုပ်သည်။
ရှေးဦးစွာ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမူသွင်က မိုးစပါးသီးနှံများတွင် ဖြုတ်ပိုးများကျရောက်ပါက အချိန်မီကာကွယ်နိုင်ရေး အတွက် ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ကေသီလွင်က မိုးစပါးသီးနှံတွင် ကျရောက်တတ်သော စပါးဖြုတ်ညိုပိုးများကြောင့် ဆုံးရှုံးမှုများ မဖြစ်ပွားစေရန် စပါးမျိုးစေ့ကျပြီး ရက်(၄၀)အတွင်း မလိုအပ်ပဲ ဆေးဖျန်းခြင်းမပြုရန် ယင်းဖြုတ်ပိုးများသည် စပါးပင်ခြေတွင် နေထိုင်၍ ပင်ရည်ကိုစုပ်ယူထားသောကြောင့် စပါးခင်းများ အကွက်လိုက်ဝါခြင်း လက္ခဏာများ တွေ့ရှိပါက မြေသြဇာများ အဆောတလျင်ကြဲပက်ခြင်း မပြုပဲ စပါးခင်းများအား ကင်းထောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်၊ ဖြုတ်ပိုးကျရောက်ကြောင်း စစ်ဆေးတွေ့ရှိ ရပါက ပုလဲမြေသြဇာကျွေးခြင်းအား ခေတ္တဖြတ်တောက်ခြင်း၊ ပိုတက်မြေသြဇာကျွေးခြင်း၊ ရေထုတ်ခြင်း၊ စိုက်ခင်းအား ၁၀ပေခြားဝါးလုံးဖြင့်ကြောင်းခွဲခြင်း၊ ကန်သင်းရှိဖြုတ်ပိုး ခိုအောင်းနိုင်သော ပေါင်းများရှင်းလင်းခြင်း၊ လိုအပ်ပါကပင်လုံးပျံ့ ပိုးသတ်ဆေးအလှည့်ကျ ပက်ဖျန်းခြင်းလုပ်ငန်းများအား ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။