ကဝ စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို သံဒင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၀၀၇-င၊ ဦးပိုင်အမှတ် (၁၉/၁၁)၊ ဆင်းသုခစိုက်ဧက(၂၁.၀၀)ဧကအတွင်းမှ (၀.၁၀)ဧကတွင် ယမန်နေ့နံနက်(၉)နာရီက စပါးရိတ်သိမ်းချွေလှေ့စက်ဖြင့် မိုးစပါးစံကွက် ရိတ်သိမ်းခဲ့ကြောင်းသိရသည်။
အဆိုပါမိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ကျော်မိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးရဲကိုကို၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး မိုးစပါးစံကွက် ဆင်းသုခတစ်ဧကလျှင်(၉၅.၇၆)တင်းနှုန်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းသန်းဝင်း(ပြန်/ဆက်)