ရေကြည် စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ကူးစက်မြန် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများနှာခေါင်းစည်း တပ်ဆင်ရေးအတွက် (mask) များအခမဲ့ ဖြန်ဝေပေးခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်က လူစည်ကားရာ နေရာများဖြစ်သည့် မြို့မစည်ပင်သာယာစျေးနှင့် ရေကြည်မြို့ ကြိုဆိုပါ၏ လမ်းဆုံနေရာ များတွင် (mask campaign) ပြုလုပ်ခဲ့သည်။
ထိုသို့ ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ နေအိမ်ပြင်ပ ထွက်ခွါသွားလာပါက Mask စနစ်တကျ တပ်ဆင်ရန်၊ လုံခြုံမှုအားနည်းသည့် အိမ်တွင်းချုပ် ဖျင်စ Mask များ တပ်ဆင်ခြင်းမပြုရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံရန်တို့ကို ပညာပေးပြောကြားပြီး Mask များ အခမဲ့ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ပြည်သူများအနေဖြင့်လည်း အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးကြောပေးရန်၊ နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ရန်၊ ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ အသိပညာပေးပြောကြား ခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)