ဝါးခယ်မ စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ပေါ်ရှိ မင်းပိုင်ရပ်ကွက်၊ ပတ္တမြားရပ်ကွက်နှင့် ဈေးရပ်ကွက်ရှိ အိမ်ထောင်စု (၅၂)စုအား ဆန်၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်ရွက်စသည့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးလျက် ရှိကြောင်းသိရသည်။
ယင်းသို့ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဝါးခယ်မမြို့ သကျမဟာသီရိဘုရားကြီးဝန်းအတွင်း၌ အိမ်ထောင်စု တစ်စုလျှင် ဆန်(၃)ပြည်နှုန်း ဆန်တစ်ပြည် (၁၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၁၅၀)ကျပ်နှုန်းဖြင့် အိမ်ထောင်တစ်စုလျှင် ကြက်ဥ(၂)လုံး ၃၀၀ ကျပ်နှုန်း၊ ဆား(၅၀)ကျပ်သားနှင့် ဟင်းသီးဟင်းရွက်တစ်မျိုး (၂၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက် ရှိသည်။
ဟိန်းထက်လင်း
ဝါးခယ်မ(ပြန်/ဆက်)