ငွေဆောင်မြို့၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ငွေဆောင် စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင် ရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ငွေဆောင်မြို့၊ ရှောက်ချောင်းကျေးရွာ၊ သုခိတာရုံဓမ္မာရုံ၌ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစွာမြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ဌာနဆိုင်ရာ အဖွဲ့များ ပါဝင်သော နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ စည်းရုံးရေး စစ်ကြောင်း၊ လူမှုရေးစစ် ကြောင်း၊ ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း စသည်ဖြင့် စစ်ကြောင်းကြီး ၅ကြောင်းဖြင့် လာရောက်၍ ရပ်ကွက်နေ ပြည်သူများ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပြည်သူများ၏ လူနေမှုဘဝပုံစံများနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များစသည်တို့ကို ပြောကြား သည်။

ထို့နောက် ငွေဆောင်မြို့၊ မြို့နယ်စခန်းမှူး၊ ရဲမှူး အောင်လင်းထွန်းက ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားပဒေစိုးမိုးရေးလုပ်ငန်းများကို ပြောကြားပြီး EPC ဦးစီးမှူး ဦးစောထွန်းဦးမှ လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် တ်သက်၍လည်းကောင်း၊ စည်ပင်သာယာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်မင်းဦး၊ ..ကဦးစီးမှူး ဦးဇင်မင်းအောင်၊ လမ်းဦးစီးမှူး ဒေါ်နီလာမြင့်နှင့် တာဝန်ရှိသူများက ပညာရေးကဏ္ဍ၊ ကျန်းမာရေးဏ္ဍ၊ စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးကဏ္ဍများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြား ကာပြည်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

ကျော်လင်းဦး(ပြန်/ဆက်)