ကျိုက်လတ် စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက်(၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးရာတွင် သုတ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္တု စာအုပ်များနှင့် အသိပညာဗဟုသုတများစွာရရှိမည့် စာအုပ်များ စုံလင်စွာယူဆောင်၍ အခမဲ့ငှားရမ်း ပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ စာကြည့်တိုက် အသင်းဝင်(၁၁)ဦးအား သုတ(၉)အုပ်၊ ရသ (၁၃) အုပ် ငှားရမ်းပေးနိုင်ခဲ့သည်။ အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အပတ်စဉ်လဲလှယ် ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဒေါ်ရီရီမြင့်
ကျိုက်လတ် (ပြန်/ဆက်)