အုတ်ဖို စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံထားပြီး (၆)လ ပြည့်ပြီးသည့် အသက် (၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူ (၄၀၂၆)ဦးအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူ (၂၈၀၆)ဦးထိ ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးသက်နိုင်မှ ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန အနေဖြင့်ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်သူ