ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပညာရည်ညွှန်ဆုချီးမြှင့်ပွဲ အခမ်းအနားများသို့ တက်ရောက်

မြစ်ကြီးနား စက်တင်ဘာ ၉

ကချင်ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း တက်ရောက်နေကြသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့ အစည်းများပါဝင်သည့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမှတ်(၂)နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက ယနေ့ခေတ်တွင် လူနေမှုစနစ် တိုးတက်ပြီးလူဦးရေ တိုးပွားလာသည့်အတွက် ပြည်သူလူထုအနေဖြင့် ကြုံတွေ့ရနိုင်သည့် ငလျင်ဘေးအန္တရာယ်ကို ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း ရှိအောင် ယခုလို သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း၊ အသိပညာပေးခြင်းအားဖြင့် အင်အားပြင်း ငလျင်များနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ မှန်ကန်မြန်ဆန်သည့် နေရာယူမှုများနှင့် ထိရောက်မြန်ဆန်သည့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်ကို စနစ်တကျ ဆောင်ရွက်နိုင်မှာဖြစ်ပြီး အသက်အန္တရာယ်နှင့် အခြားမလိုလားအပ်သည့် ထိခိုက်ဆုံးရှုံးများကို အားနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မှာဖြစ်တဲ့သည့် တက်ကြွစွာ ပူးပေါင်းပါဝင် လေ့ကျင့်ပေးကြရန် လိုကြောင်း တိုက်တွန်းမှာ ကြားသည်။

ထို့နောက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာန ဒေါ်လှကေ သီမာက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံး၌ စက်တင်ဘာ (၅)ရက်နေ့မှ (၉) ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း တက်ရောက်ခဲ့သော သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ငလျင်လှုပ်ခတ်မှုကြောင့် ကျောင်းသား/ ကျောင်းသူလေးများအား အသင့်စုဖွဲ့ ထားသော ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းအဖွဲ့၊ အရေးပေါ် ယာယီခိုလှုံရာ လုပ်ငန်းအဖွဲ့နှင့် လုပ်ငန်း အဖွဲ့အသီးသီးတို့က လုပ်ငန်းတာဝန်များအလိုက်  ရှာဖွေကယ်ဆယ်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အရေးပေါ်ရိက္ခာ ထောက်ပံ့ခြင်းလုပ်ငန်း ဆောင်ရွက်မှုအဆင့်ဆင့်ကို သဏ္ဍာန်တူ သရုပ်ပြသခဲ့ကြပြီး ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာဆိုင်ရာများက ခင်းကျင်းပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှု၍ သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခဲ့သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့သည်။

ထို့နောက် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကို‌မောင်၊ ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို Grade-10 ကျောင်းသား/ ကျောင်းသူလေးများက “ဘက်စုံပညာ ကိုယ်ရည်တို့ လှမ်းချီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။

ယင်းနောက် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်နယ်ပညာရေးမှူးက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့် စပ်လျဉ်း၍ ပညာရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်များ ပညာရေးမှူးများက တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ဝပ္ပံတွဲပြည်နယ်အဆင့် ပထမဆုရရှိသူနှင့် (၅)ဘာသာ တစ်ဦး၊ (၄)ဘာသာ (၃)ဦး၊ (၃)ဘာသာ (၈)ဦး၊ (၂)ဘာသာ (၈)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရ (၄၇)ဦးနှင့် သင်ကြားပေးခဲ့သော ဆရာ/ ဆရာမများနှင့် ပြပွဲ၊ ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများကို အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်