ပုဇွန်တောင် စက်တင်ဘာ ၉
မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်ရှိ အမှတ်(၂)ရပ်ကွက် ၅၄လမ်းလမ်းတို့တွင် ယမန်နေ့နံနက် ၁၀ နာရီက သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်နှင့် ခြင်များမပေါက်ပွားစေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းအနေဖြင့် ဖုံးသွန်လဲစစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအခါခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးကာလဖြစ်၍ နေအိမ်အတွင်း/အပြင်ရှိ ပိုးလောက်လန်းများနှင့်ခြင်များ အလွယ်တကူပေါက်ပွားနိုင်သည့် ရေစပ်ရေအိုင်များ၊ ရေတွင်း၊ ရေကန်များ၊ ကြာရှည်သိုလှောင်ထိန်းသိမ်းထားနိုင်သည့် ပန်းအိုးနှင့်ရေပုံးများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊စစ်ပြုလုပ်ခြင်း၊ သောက်ရေ/ သုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ နေအိမ်များအတွင်း ခြင်ဆေးဖျန်းခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယင်းသွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်