ခမောက်ကြီးမြို့ Quarantine Centre တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ခမောက်ကြီး စက်တင်ဘာ ၉

ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတစ်ဆင့် ကော့သောင်းမြို့လေဆိပ်သို့ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၂၇ ဦး ၊ အမျိုးသမီး ၄၆ ဦး ၊ စုစုပေါင်းအလုပ်သမား (၁၇၃) ဦး အားတာဝန်ရှိအဖွဲ့အစည်းများထံသို့   ရေလမ်းခရီးမှတစ်ဆင့် လာရောက် လွှဲပြောင်းပေးအပ်ခဲ့ပြီး ယင်းတို့အနက်မှ အမျိုးသမီး (၄၆) ဦးတို့အား ခမောက်ကြီးမြို့  Quarantine Centre သို့ ပို့ဆောင်၍ စောင့်ကြည့်ထားရှိခဲ့ကြောင်း သိရသည်။

ထိုသို့ စောင့်ကြည့်ထားရှိသည့် နေရပ်ပြန်များအား ခမောက်ကြီးမြို့ အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုဦးနှင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများက ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များအား စာရင်းရေးသွင်းမှတ်တမ်းယူကြပြီး ပရဟိတလူငယ်များမှ နေရာချ ထားပေးခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများအား ကန့်သတ်ဧရိယာအတွင်း Quarantine (၇) ရက် ထားရှိမည်ဖြစ်၍ သတ်မှတ်စည်းကမ်းများအတိုင်း စနစ်တကျနေထိုင်ရန်၊ ခိုက်ရန် ဖြစ်ပွားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ပြင်ပသို့ထွက်ခွာခြင်းတို့အား ခွင့်မပြုကြောင်းနှင့် တွေ့ရှိပါက ပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း မှာကြားခဲ့ပြီး စောင့်ကြည့်ရက်ပြည့် ပါက ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ ပြန်လည်စေလွတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခမောက်ကြီး (ပြန်/ဆက်)