စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မင်းကွန်းဒေသခရီးစဉ် လှည့်လည်ပြသရေးဆိုင်ရာ ဧည့်လမ်းညွှန်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့ မင်းကွန်းတောင်ရိုး၊ တိပိဋကနိကာယကျောင်းတိုက် ဓမ္မာရုံတော်တွင် ကျင်းပပြုလုပ်သော မင်းကွန်းဒေသခရီးစဉ် လှည့်လည်ပြသရေးဆိုင်ရာ ဧည့်လမ်းညွှန် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြရာ အခမ်းအနားတွင် ရှေးဦးစွာ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က မင်းကွန်းဒေသခရီးစဉ် လည့်လည်ပြသရေးဆိုင်ရာ ဧည့်လမ်းညွှန်မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။