နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ(အခမဲ့)ကွန်ပျူတာ သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ (အခမဲ့) ကွန်ပျူတာသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက သဖန်းကိုင်းပရဟိတကျောင်း အကယ်ဒမီ ဝိပ္ပဿနာဓမ္မရိပ်သာဓမ္မဗိမာန်တော်၌ ကျင်းပခဲ့ကြောင်းသိရသည်။

သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ ရသလမ်းဆုံ စာဖတ်ဝိုင်း ပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရသလမ်းဆုံ စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြူးမြိူ့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းရှိ သင်တန်းသူများအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းတွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ သင်တန်းသူများအား သိသင့်သိထိုက်သည့် အချက်များကို သိရှိနိုင်စေရေးအတွက် ရည်ရွယ်ကာ ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမတွင် အသိပညာပေး ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ဆုချီးမြှင့် အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ခြင်း အခမ်းအနားကို အမှတ် ၇ရပ်ကွက် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ယနေ့နံနက်ပိုင်း ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုးရာသီတွင် ဖြစ်တတ်သော ရောဂါငယ်နှင့် ကုထုံးများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီ အချိန်က မိုးရာသီတွင် ဖြစ်တတ်သော ရောဂါငယ်နှင့် ကုထုံးအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show)အား ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင်မိုးစပါး စိုက်တောင်သူများကို ပုလဲဓာတ်မြေ သြဇာများ ထောက်ပံ့ပေးအပ်ခြင်း၊ ဆောင်းသီးနှံ (နေကြာ) စိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၂ ခုနှစ် နိုင်ငံတော်၏ အစီအစဉ်ဖြင့် မိုးစပါးစိုက်တောင်သူများအား ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးသည့် ပုလဲဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခြင်း၊ ဆောင်းသီးနှံ(နေကြာ) စိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ၌ ဆုရရှိခဲ့သည့် မြို့နယ်ကိုယ်စားပြုအဖွဲ့အား ဂုဏ်ပြုပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ပြုလုပ်ခဲ့သည့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေးအတီးပြည်နယ် အဆင့်ပြိုင်ပွဲနှင့် တူယှဉ်နွှဲပျော်ဂီတပွဲတော် Season 2 ပြိုင်ပွဲတို့တွင် ဆုအသီးသီးရရှိခဲ့ကြသည့် မြို့နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့ များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သထုံမြို့၊ လေယာဉ်ကွင်းဟောင်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

မြဝတီမြို့၌ အိမ်ထောင်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ အိမ်ထောင်ရှိ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခဲ့ခြင်းကို ယနေ့နံနက် ၈ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပသည်။

ညောင်ဦးမြို့ ပင့်သံဃာ ၁၂၀ ပါး၊ သီလရှင် ၁၀၈ ပါးနှင့် အသက် ၇၅ နှစ်အထက်အဘိုးအဘွား ၁၂၀ ဦးတို့အား ဆန်၊ ဆီ၊ ဆား မုန့်မျိုးစုံ ဝတ္ထုများဆက်ကပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရှင်အဇ္ဇဂေါဏဘုရားပရဝဏ်အတွင်း ယနေ့ နံနက် ၈နာရီခွဲအချိန်က ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဇေယျသိဒ္ဓိစာသင်တိုက်၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ သီလှရှင်ဆရာကြီး ဒေါ်ခေမာစာရီ အမှုပြုသော ကုသိုလ်ရှင်များမှ ညောင်ဦးမြို့ အတွင်းရှိ ပင့်သံဃာ ၁၂၀ ပါး၊ သီလရှင်ဆရာလေး ၁၀၈ ပါး၊ အသက် ၇၅ နှစ်အထက် အဘိုး အဘွား ၁၂၀ ဦးအား ဆန်၊ ဆီ၊ ဆား၊ မုန့်မျိုးစုံနှင့် ဝတ္ထုငွေများလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-5 ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန်မျိုး ရိုးဗီဇ ပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွား မှုမရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် ယနေ့ နံနက်အချိန်က လူစည်ကားရာ လမ်း ဆုံလမ်းခွများနှင့် အမ္ဗနဒီ စျေး​ရှေ့၌ ဒေသခံပြည်သူများ စျေးဝယ်သူများအား Mask Campaign အသိပညာပေး ဆောင်ရွက်ခြင်းနှင့် မြို့ပေါ်ရပ်ကွက်များ၌ လှည့်လည်အသိ ပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to