အိမ်မဲမြို့နယ်တွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဇရပ်ဆိပ်ကျေးရွာ စိတ္တဓမ္မသုခအောင်ဓမ္မာရုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး ဦးဆောင်သော စစ်ကြောင်းကြီး (၅) ကြောင်းမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယမန်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွံ​တေးမြို့နယ် အ.ထ.က(၂) ကျောင်းသို့ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊​ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်(၂)ဖြင့် အသက်(၁၀)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်​ပေးလျက် ရှိရာ ယမန်​နေ့ နံနက် (၁၀)နာရီ အချိန်က အမှတ်(၂)အ​ခြေခံပညာ​ အထက်တန်း​ကျောင်း၌ ပညာရတနာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

လားရှိုးမြို့တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန် က လားရှိုးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ စျေးကွက်အတွင်း မြှင့်တင်ရောင်းချမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဆေးရောင်းချသည့် ဆေးဆိုင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ ညွှန်ကြားမှုဖြင့် စျေးကွက်အတွင်း ဆေးဝါးကုန် ပစ္စည်းများအား စျေးနှုန်း မြှင့်တင်ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စလင်းမြို့ပေါ်ရှိဆေးဆိုင်များအား စစ်ဆေးခဲ့ကြသည်။

ပြင်ဦးလွင်မြို့နယ်တွင် မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ (TOT) သင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ မြန်မာ-ခါနန် တောင်သူ လယ်သမားများ နည်းပညာဖွံ့ဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်းတွင် “မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ (TOT) သင်တန်း ” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါသင်တန်းကျောင်း ခန်းမ၌ ကျင်းပရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နှစ်ရှည်သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေး၊ စိုက်ပျိုးရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင် ဦးစီးမှူး ဦးဖုန်းမောင်၊ မြို့နယ်ဦးစီးမှူး ဦးအောင်စိုးဦး၊ သင်တန်းနည်းပြ ဆရာ/ဆရာမ များနှင့် သင်တန်းသားများ စုံလင်စွာ တက်ရောက်ကြသည်။

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာပညာဦးစီးဌာန၊ ရန်ကင်းပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း အမှတ်စဉ် (၈/၂၂) သင်တန်း မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ ပညာရေး ဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ရန်ကင်းပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို ဆရာအတတ် ပညာသင်တန်း အမှတ်စဉ် (၈/၂၂) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀:၀၀ နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ၂၀၂၂ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကျင်းပ

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတကြွယ်ဝတိုးတက်စေရန်နှင့် ကမ္ဘာ့ အထိမ်းအမှတ်နေ့များနှင့် သက်ဆိုင် သည့် ဗဟုသုတများ ရရှိစေရန် ရည်ရွယ်ချက်တို့ဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ရောက်ရှိမည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ များကို အခြေခံပညာ အထက်တန်းကျောင်း ခန်းမဆောင်၌ ယမန်နေ့ နေ့လယ် ၁ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဆရာများ‌နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်း ခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ယမန်‌နေ့ နံနက် ၉ နာရီက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲ များ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းလှမြို့တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသော အားဖြင့် ပဲခူတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊ မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှ စက်တင်ဘာ ၉ ရက်က စုပေါင်း သွေးလှူဒါန်းခြင်း ဆောင်ရွက်ခဲ့သည်။
Subscribe to