မုံရွာ စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့ မင်းကွန်းတောင်ရိုး၊ တိပိဋကနိကာယကျောင်းတိုက် ဓမ္မာရုံတော်တွင် ကျင်းပပြုလုပ်သော မင်းကွန်းဒေသခရီးစဉ် လှည့်လည်ပြသရေးဆိုင်ရာ ဧည့်လမ်းညွှန် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြရာ အခမ်းအနားတွင် ရှေးဦးစွာ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က မင်းကွန်းဒေသခရီးစဉ် လည့်လည်ပြသရေးဆိုင်ရာ ဧည့်လမ်းညွှန်မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ မင်းကွန်းဒေသခရီးစဉ် လှည့်လည်ပြသရေးဆိုင်ရာ ဧည့်လမ်းညွှန်မွမ်းမံ သင်တန်းသို့ ဒေသခံသင်တန်းသား၊ သင်တန်းသူ ၃၄ ဦး တက်ရောက်ကြပြီး သင်တန်းအား စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။
ခရိုင်(ပြန်/ဆက်)