ဘူးသီးတောင်မြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌မီး ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမတွင် ယမန်နေ့ညနေပိုင်းက မြို့နယ်မီး သတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူးဦး ထွန်းဝင်းနိုင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများနှင့် မီးဘေးအန္တရာယ်အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။