သီပေါမြို့ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အမှတ်(၄) အခြေခံပညာအလယ်တန်း ကျောင်းခွဲသို့ ယနေ့မန်နေ့ မွန်းလွှဲ (၁)နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် လူကုန်ကူးမှုအန္တရာယ်တာဆီးကာကွ‌ယ်ရေးနှင့်

မိုင်းယောင်း၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောမတ်(စ်)နှင့်အတူ မိုင်းယောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံနေမှုအား လိုက်လံကြည့်ရှုပြီး အားပေးစကားပြောကြားကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

တနိုင်းမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မူလတန်းလွန် - ပုန်ခုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လှည်းကူးမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့တွင် ဒေသနေပြည်သူများ လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့်ဗဟုသုတရရှိစေရန် ရည်ရွယ်၍

ဝိုင်းမော်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း “တေဇ” ခန်းမတွင် ယမန်နေ့ နေ့လည် ၁ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာတွင် အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပဒါန်းတပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား  စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်(၇)နာရီ အချိန်က ပဒါန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်အတွက်ရရှိသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် (၈) ဘီလီယံကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများအတွက် အသုံးပြုသွားမည်

မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေကြသည့် မွေးမြူရေးခြံပိုင်ရှင်များအား နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးသည့် နိုင်ငံစီးပွားရေးမြှင့်တင်ရေး မတည်ရန်ပုံငွေ အစီအစဉ်ပတ်သက်၍ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေကြသူများအား ပြည်နယ်စီးပွားရေးမြှင့်တင်ရေး စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ရေးကော်မတီက တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လှိုင်းဘွဲမြို့နယ်၊ ရွာသာအေးကျေးရွာအတွင်းရှိ မွေးမြူရေးဇုန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် ချစ်ကြည်ရေးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ချစ်ကြည်ရေးလမ်း ကွန်ကရစ်လမ်းသစ်အား ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက အဆိုပါ လမ်းဖွင့်ပွဲ မုဒ်ဦးတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာကျောင်းအခြေပြု နယ်လှည့် အသိပညာဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ကျောင်းအခြေပြု နယ်လှည့်အသိပညာဟောပြောပွဲကို ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရှမ္မမြောင်ကျေးရွာအုပ်စု၊ ရှမ္မ‌မြောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ကြသည်။
Subscribe to