မြဝတီ စက်တင်ဘာ ၁၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ချစ်ကြည်ရေးလမ်း ကွန်ကရစ်လမ်းသစ်အား ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက အဆိုပါ လမ်းဖွင့်ပွဲ မုဒ်ဦးတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးစောချစ်သူက ကွန်ကရစ်လမ်းသစ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးစောချစ်သူက ပေးအပ်သည့် ချစ်ကြည်ရေး ကွန်ကရစ်လမ်းသစ်ဆိုင်ရာ အချက်အလက်များအား လွှဲပြောင်းလက်ခံရယူသည်။
ဆက်လက်ပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးစောချစ်သူက လမ်းဖွင့်ပွဲ အထိမ်းအမှတ်အလံများအား သင်္ဃန်းညီနောင်အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းနေလွင်နှင့် တာဝန်ရှိသူများအား ပေးအပ် သည်။
ထို့နောက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးစောချစ်သူအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာပေး အပ်သည်။
ဆက်လက်ပြီး ကွန်ကရစ်လမ်းသစ်အား သင်္ဃန်းညီနောင်အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းနေလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးစောချစ်သူ၊ အမှတ်(၁၀၂၂)နယ်ခြားစောင့် တပ် တပ်မှူး ဗိုလ်မှူး စောမုတ်သုံ၊ နယ်ခြားစောင့်တပ် အမှတ်(၃)တပ်နယ်မှူး ဗိုလ်မှူး မောင်ဝင်း၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက် လွင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေး သည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်အား ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးစောချစ်သူနှင့် ဇနီး နန်းခင်လှသူ မိသားစုမှ တို့မှ လှူဒါန်းခြင်းဖြစ်ပြီး အလျား ၄၀ ပေ၊ အရှည် ၁၀၅၀ ပေ နှင့် ထု ၉ လက်မရှိကာ မြဝတီမြို့ထဲနှင့် မြန်မာထိုင်းအမှတ် (၂) ချစ်ကြည်ရေး တံတားသို့ သွားရောက်ရာ အဓိကလမ်းမကြီး တစ်ခုဖြစ်သည့်အတွက် ပြည်သူများသွား လာရေးကို များစွာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)