မိုင်းယောင်း၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

မိုင်းယောင်း စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောမတ်(စ်)နှင့်အတူ မိုင်းယောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံနေမှုအား လိုက်လံကြည့်ရှုပြီး အားပေးစကားပြောကြားကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများကို စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းမှစတင်၍ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ ထွေ/အုပ်နှင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ခံအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့တို့က ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း