လှည်းကူး စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် လူကုန်ကူးမှုအန္တရာယ်တာဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး ဒုရဲမှူးဇော်ဇော်နိုင်က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူကုန်ကူးမှုခံရနိုင်သည့် အခြေအနေများနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများ၊ ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)