သာပေါင်း စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ကျောင်းအခြေပြု နယ်လှည့်အသိပညာဟောပြောပွဲကို ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရှမ္မမြောင်ကျေးရွာအုပ်စု၊ ရှမ္မမြောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ကြသည်။
အခမ်းအနားတွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က Mask များပေးဝေငှ၍ ရှမ္မမြောင်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးအောင်သန်းဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး(တာဝန်ခံ)ဒေါ်ချိုသဲမှ “အားကစားဆိုသည်မှာ အင်အားနှင့်ဉာဏ်ရည်ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်မှု” ဖြစ်ကြောင်း၊ အားကစားနည်း(၄)မျိုးမှာ ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစား၊ လူထုအားကစား တို့ဖြစ်ကြောင်း၊အလေ့အကျင့် တစ်ခုခုကို အမြဲမှန်မှန် လှုပ်ရှားကစားခြင်းသည် လေ့ကျင့်ခန်းဖြစ်ပြီး အားကစားအမျိုးမျိုးထဲမှ သဘာဝအကျဆုံးနှင့်အရိုးရှင်းဆုံး အားကစားလေ့ကျင့်ခန်းသည် “လမ်းလျှောက်ခြင်း” ဖြစ်ကြောင်းနှင့် အားကစားသိပ္ပံကျောင်း ဖွင့်လှစ်ထားရှိပြီး တတ်ရောက်သင်ကြားနိုင်ရေး အတွက် စိတ်ပါဝင်စားသော အားကစားသမားများစီစစ် ရွေးချယ်ခေါ်ယူ၍ နွေရာသီ သင်တန်းသားများ ရရှိရေး၊ မျိုးဆက်သစ် အားကစား သမားများ ပေါ်ထွန်းလာရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများပေါ်ထွက်လာရေးတို့ကို ရည်ရွယ်ဆောင်ရွက်ပေးလျှက် ရှိကြောင်း ဟောပြောပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်လဲ့လဲ့ဝင်းမှ “လူငယ်နှင်းစာရိတ္တ” ခေါင်းစဉ်ဖြင့် ပြောကြားရာ လူတစ်ယောက်မှာ အကျင့်စာရိတ္တ ကောင်းမွန်မှန်ကန်ဖို့က နံပါတ်တစ် အရေးကြီးပါတယ်၊ ဘယ်လောက်ပဲတော်၊ မိုးပြန်အောင်တော်နေပါစေ အကျင့်စာရိတ္တမကောင်းရင် လူတော်တစ်ယောက်တော့ ဖြစ်ပေမယ့် လူကောင်းတစ်ယောက်တော့ မဖြစ်နိုင်ဘူးပေါ့၊ စာရိတ္တကောင်းသူဟာ စိတ်ဓါတ် ကောင်းသူတစ်ယောက် ဖြစ်တယ်၊ စာရိတ္တနဲ့စိတ်ဓါတ်ဟာ တိုက်ရိုက် အချိုးကျတယ်၊ စာရိတ္တ=စိတ်ဓါတ်ပဲ၊ ဒါ့ကြောင့် စိတ်ဓါတ်ကောင်းရှိဖို့ ပထမပဲဖြစ်ပါတယ်၊ လူတော်ဖြစ်ဖို့ထက် လူကောင်းဖြစ်ဖို့ အလွန်အရေးကြီး၊ လူကောင်းလျှင် လူတော်ဖြစ်ဖို့ လုပ်ယူလို့ရတယ် ဒါ့ကြောင့် ဘက်စုံပြည့်စုံတဲ့ လူတော်လူကောင်းတွေ ဖြစ်မှသာ တိုင်းပြည်ကြီးတိုးတတ်မှာ ဖြစ်တယ်၊ ဘဝကိုနည်းစနစ်တကျ ဖွံ့ဖြိုးတိုးတတ်ဖို့ သုတ/ရသစာပေတွေ ဖတ်ရှုဖို့လိုအပ်တယ်၊ သုတ စာပေက ဘဝကို ထိပ်တန်းရောက်အောင် ကြိုးစားတဲ့နေရာမှာ တောင်တက်ကိရိယာသဖွယ် ဆောင်ရွက်ပေးသလို၊ ရသ စာပေက လောကဓံ(ဘဝ)မှာ အဆိုးတွေနဲ့ကြုံတွေ့ရတဲ့အခါ ခံနိုင်ရည်ရှိအောင် သင်ကြားပေးတယ်၊ ကမ္ဘာ့ထိပ့်တန်း ပုဂ္ဂိုလ်ကြီးတွေရဲ့ ပါးစပ်ဖျားမှာ “Today Reader၊Tomorrow Leader” “ယနေ့စာဖတ်သူဟာ၊ မနက်ဖန်ခေါင်းဆောင်” ဆိုခဲ့ကြတယ် စသည်ဖြင့် သားတို့ သမီးတို့အားလုံး ရောက်လာမယ့်အနာဂတ်မှာ စာရိတ္တကောင်းမွန်တဲ့ လူတော်လူကောင်း ပညာတတ်ကလေးတွေဖြစ်ပါစေလို့ ဆုတောင်းပေးရင်း ဘဝတိုးတတ်မြင့်မားရေး ဗဟုသုတ၊ ရသစုံ စာပေများဖတ်ရှုကြရန် တိုက်တွန်း ပြေားကြားခဲ့သည်။
ထို့နောက် လူငယ်ရေးရာအသိပညာပေးဟောပြောချက်များအပေါ် ဆန်းစစ်ချက်မေးခွန်းများနှင့် မေးမြန်းဖြေကြားကြားကြရာ ဖြေဆိုမှန်ကန်သည့် ကျောင်းသား၊ ကျောင်းသူ ကလေးများအား ဆုများအသီးသီး ပေးအပ်ခဲ့ချီးမြှင့်ကြပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး(တာဝန်ခံ)ဒေါ်ချိုသဲမှ အားကစားပစ္စည်း ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)