တနိုင်းမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

တနိုင်း စက်တင်ဘာ ၁၃

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးနေ့ အထိမ်းအမှတ်  စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်  ၉  နာရီခွဲက မူလတန်းလွန် - ပုန်ခုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူကုန်ကူးမှုတားဆီးကာကွယ်‌‌ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၀) ဦးနှင့် ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ (၁၄) ဦး စုစုပေါင်း (၂၄) ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မနောမြေ(တနိုင်း)