ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ရှေးဦးပြုစုခြင်းဆိုင်ရာပြိုင်ပွဲများတွင် ဆုရရှိသူများအားဆုချီးမြှင့်
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ၂၀၂၂ ခုနှစ် ကမ္ဘာ့ရှေ့ဦးပြုစု ခြင်းနေ့အထိမ်းအမှတ် ရှေးဦးပြုစုခြင်းဆိုင်ရာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။