ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား၊ ကျောင်းသူများ စာအုပ်ငှားရမ်းဖတ်ရှု

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် အသိပညာဗဟုသုတရရှိစေရန်အတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ နမ့်ဆန်မြို့ အထက-၁၊ အလက-၁ ထခွဲ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာစောင်များ လာရောက်ငှားရမ်းခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk  Show ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Women Club) တို့ပူးပေါင်း၍ ဒေသခံပြည်သူများ၊ လူငယ်လူရွယ်များအနေဖြင့် လူကုန်ကူးမှုအန္တရာယ်သိရှိစေရန်အတွက် လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေးအသိပညာပေး  Talk  Show ကိုယမန်နေ့နေ့လယ် (၂) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့မှ ယနေ့နံနက် ၉ နာရီအချိန်က ကမမောင်းမြို့အမှတ် ၂ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင် ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။

အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ကလေးအလုပ် သမားပပျောက်ရေး နံရံကပ်စာစောင်များကွင်းဆင်းပြသ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများသည် ညောင်ဦးမြို့နယ်အတွင်း စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင် ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉နာရီခွဲအချိန်မှစတင်ကာ ညောင်ဦးမြို့နယ်၊ ပုဂံမြို့အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သဲကုန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

ပန်းတောင်းမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဗီဇပြောင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်သူလူထုသိရှိလိုက်နာနိုင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ စျေးကြီးရပ်ကွက်တွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်(၁၀)နာရီကစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

သရက်ချောင်းမြို့နယ်တွင် မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းရွက်ပင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းရွက်ပင်စိုက်ပျိုးရာမှ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး တစ်ဖက်တလမ်းမှ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နေ့လယ် က ဗိုလ်ချုပ်လမ်း လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to