လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် (Youth Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (Youth Club) အသင်းတို့ ပူးပေါင်း၍  စာရေးဆရာ ထက်ဝေအောင် (စစ်ကိုင်း) ရေးသားထားသည့် “ပန်းတိုင်းပွင့်ခွင့်ရှိပါသည်နှင့် အခြားကလေးဝတ္တုတိုများ” စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပခဲ့ ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍

လားရှိုးမြို့တွင် Mask Campaign ပြုလုပ်

ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ လူနာအသစ်တွေ့ရှိမှု မြှင့်တက်လာခြင်းနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း SARA-COV-2 Variant Omicron (အိုမီခရွန်) BA-4၊ BA-5 ရောဂါပိုးများ လျင်မြန်စွာ ကူးစက်ပြန့်ပွားနေခြင်း တို့ကြောင့် ပါးစပ်နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်သွားလာကြရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယနေ့နံနက်(၈) နာရီအချိန်က Mask Campaign ပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့တွင် ကိုဗစ် -၁၉ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေး ဌာနပေါင်းစုံ Mask Camping ဆောင်ရွက်

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ယခုရက်ပိုင်းအတွင်း ပြည်တွင်းကူးစက်မှုအဖြစ် အစုလိုက် ကူးစက်မှုပြန်လည်ဖြစ်ပွားလာနေကြောင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကူးစက်မှုထိန်းချုပ်နိုင်ရေး ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် လမ်းထွက် သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်းများ လိုက်လံဝေငှတပ်ဆင်ပေးသည့် Mask Camping လှုပ်ရှားမှု တစ်ရပ်ကို ကော့သောင်းမြို့၊ပိတောက်ရွှေဝါရပ်ကွက်၊အဝိုင်းပတ်လမ်းဆုံ၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ Cast For Work စီမံကိန်းဖြင့်ဆောင်ရွက်သော ကွန်ကရစ်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် Cast For Work စီမံကိန်းဖြင့် အေးကျန့်ကျေးရွာအုပ်စု၊ မွန်နိုးကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကွန်ကရစ် လမ်းခင်းကျင်းခြင်းလုပ်ငန်းအား မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့က မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့သည်။

‌တိုင်းဒေသကြီးကိုယ်စားပြု စားပွဲတင်တင်းနစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲနှင့် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု စားပွဲတင်တင်းနစ် အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လည်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ရေဖြူမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲအတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ လူမှုဂရုဏာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ရေဖြူမြို့နယ် ကြက်ခြေနီ အသင်းခွဲသို့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ယမန်နေ့ နေ့လယ် (၁) နာရီက ရေဖြူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံအဟောင်း  အစည်းအဝေးခန်းမ၌ ပေးအပ်ကြောင်း သိရသည်။

မကွေးမြို့ ကန်သာဈေးတွင် အခြေခံစားသောက်ကုန်များနှင့် ဟင်းသီး/ဟင်းရွက်များအား ဈေးနှုန်းသက်သာစွာ ရောင်းချ

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုဖြင့် မကွေးတပ်နယ်မှ မကွေးမြို့ရှိ ဒေသခံပြည်သူများ အား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မကွေးမြို့၊ ကန်သာဈေးတွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့်‌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကာလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇)နာရီအချိန်တွင် ကာလိမြို့ ပြည်ထောင်စုလမ်းမကြီး၊ မြို့မဈေးနှင့်ပျံကျဈေးတို့၌ ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းပြီးကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လိပ်သိုမြို့၌ အသက် (၁၂) နှစ်မှ အသက် (၁၈) နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း (Booster Does) ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ အသက် (၁၂)နှစ်နှင့် (၁၈) နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း  (Booster Does) တတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် က အဆိုပါကျောင်း သဇင်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to