ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်များ အားကစားကို စိတ်ပါဝင်စားလာစေရန်၊ အားကစား၏အကျိုး ကျေးဇူးကိုသိရှိပြီး ပုံမှန်အားကစားလေ့ကျင့်မှုများ ပြုလုပ်နိုင်ကြစေရန်၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများအကြောင်း သိရှိပြီး မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် ၅ သံတံတားရပ်ကွက်၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လက်ပံတန်းမြို့လူထုအခြေပြုဗဟိုဌာန၌ မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ Talk Show အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ Talk Show အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)၌ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်းဆင်းပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်)၏ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲ က အဆိုပါစခန်း သင်တန်းခန်းမဆောင်၌ကျင်းပခဲ့သည်။

ရေတာရှည်မြို့ အ-ထ-က ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီ အချိန်က အ.ထ.က(ရေတာရှည်)ကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့သည်။

ရေတာရှည်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် Mask Campaign ပြုလုပ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်း၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးစေရေးအတွက် စက်တင်ဘာ (၁၂)ရက်နေ့ နံနက် (၈) နာရီအချိန်မှစ၍ ရေတာရှည်မြို့အဝင် စစ်ဆေးရေးဂိတ်၌ Mask Campaign ပြုလုပ် ဆောင်ရွက်ခဲ့သည်။

မင်းကင်းမြို့တွင် တန်ဖိုးသင့် အခြေခံစားကုန်များ ရောင်းချပေး

စစ်ကိုင်းတိုင်ဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အမှတ်(၃)ရပ်ကွက် စျေးထောင့်လမ်းဆုံ၌ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ ပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် တန်ဖိုးသင့် အခြေခံစားကုန်များ ရောင်းချပေးခြင်းကို ယနေ့နံနက်(၇)နာရီအချိန်မှ (၈)နာရီအချိန်ထိ ရောင်းချပေးခဲ့သည်။

ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပုံပြော၊ကဗျာရွတ်၊စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ (၂)နာရီက ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးနှင့်အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ထားဝယ်မြို့၌ စားအုန်းဆီတစ်ပိဿာလျှင် ၅၆၀၀ ကျပ်ဖြင့် ရောင်းချပေး

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ထားဝယ်မြို့ စည်ပင်သာယာစျေးကြီး တောင်ဘက်နှင့် ထားဝယ်မြို့ စည်ပင်သာယာစျေးကမ်းနားလမ်းတို့တွင် ယနေ့နံနက်ပိုင်းက  အခြေခံစားကုန်ဖြစ်သည့် စားအုန်းဆီတစ်ပိဿာလျှင် (၅၆၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသည်။ 

ဘားအံမြို့၌ စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ  ရှာဖွေနိုင်သည့် စာအုပ်/စာစောင်များ ဖတ်ရှုသည့်အလေ့အထကောင်းများ ပေါ်ပေါက်လာစေရန်နှင့် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်/စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းနှင့် စာသုံးသူရေးရာဦးစီးဌာနတို့တွင် စာအုပ်စာစောင် များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
Subscribe to