မိတ္ထီလာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သော အလေ့အကျင့်ကောင်းများ ဆက်လက်ကျင့်သုံးလိုက်နာစေရေး Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign  ကို ယနေ့နံနက် ၈ နာရီအက ရန်ကုန်-မန္တလေးကားလမ်းမဘေး ခရိုင်ပြန်/ဆက်ရုံးအနီးတွင် ပြုလုပ်ကြောင်းသိရသည်။

ပြင်ဦးလွင်မြို့နယ်၊ နောင်လှိုင်ကျေးရွာအုပ်စု ၊ နောင်လှိုင်ကျေးရွာသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ် ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စက်တင်ဘာလ ၁၁ ရက်နေ့နံနက် ၉နာရီခွဲက ပြင်ဦးလွင်မြို့နယ်၊ နောင်လှိုင်ကျေးရွာအုပ်စု၊ နောင်လှိုင်ကျေးရွာခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အလုံမြို့နယ်၌ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက်ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ပြည်သူများအခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယမန်နေ့နံနက် ၉ နာရီက အလုံမြို့နယ်၊ ကရင်ခြံရပ်ကွက်နေ အခြေခံလက်လုပ်လက်စားပြည်သူများအား အခြေခံစားသောက်ကုန်များကို  လက်ဝယ်အရောက် ရောင်းချေပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီမှ လယ်​ဝေးမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ​ ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်ရောင်းချပေး

နေပြည်တော်ကောင်စီမှ လယ်ဝေးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ အိမ်ထောင်စုများအား ယမန်နေ့နံနက်ပိုင်းက ဆန်များစျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

ငပုတောမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ဆောင်ရွက်

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ ၁၉လမ်း၊ ၈၃×၈၆လမ်းကြားရှိ ညောင်ပင်စျေးအရှေ့တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော် ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဦးစီးများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ  ပူးပေါင်း၍ ယမန်နေ့နံနက် ၆ နာရီခွဲအချိန်က ညောင်ပင်စျေး အရှေ့၌ ဖြတ်သန်း သွားလာနေသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများပေါ့ဆနေခြင်း မရှိစေဘဲနေအိပ် ပြင်ပသို့ထွက်ခွာမည်ဆိုပါက နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်အသုံး ပြုနိုင်ရေး၊ လက်ကိုမကြာခဏဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြည့်ထိုးနှံခြင်း၊ ထပ်ဆောင်းထိုးနှံခြင်းနှင့် ဗီဇပြောင်း ကိုဗစ်ရောဂါပိုးများ၏ အန္တရာယ်မှကာကွယ်ရန်၊ ပြည်သူများကျန်းမားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန် စသည်တို့ကို အသိပညာပေးခဲ့ကြပြီး နှာခေါင်းစည်း(Mask) ၁၀၀၀ ခုအား(အခမဲ့)ဝေငှတပ်ဆင်ဖြန့်ဝေပေးကြသည်။

မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့ မြိုပေါ်ရပ်ကွက်အားလုံးတွင် အခြေခံစားသောက်ကုန်များကို ရောင်းချပေးခဲ့ပြီး ကျေးရွာများ၌ ဆက်လက်ရောင်းချပေးမည်

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌မြို့ပေါ်(၆) ရပ်ကွက်ရှိရာ မြို့သစ်ရပ်ကွက်၊ အောင်ဆန်းရပ်ကွက်၊ ငဝန်ရပ်ကွက်၊ ရွှေဘိုရပ်ကွက်နှင့် ရှေ့ဆောင်ရပ်ကွက်တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပြီးဖြစ်ရာ ယမန်နေ့နံနက်ပိုင်း၌ မြို့မရပ်ကွက်ရှိ အမျိုးသားခန်းမ၌ ရပ်ကွက်နေအိမ်ထောင်စု(၂၅၀)စုအား ဆန်(၁၀)အိတ်၊ ဆီ(၃၀)ပိသာ၊ ကြက်ဥ(၃၀၀)လုံး၊ ဆား(၅၀)ပိသာနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပါသည်။

၂၃)ကြိမ် ​မြောက်၊ မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၆၆ လမ်း၊ ၂၀×၂၂လမ်းကြားရှိ အမျိုးသားဇာတ်ရုံတွင် (၂၃) ကြိမ်မြောက်၊ မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ရာ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ (အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်)တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊၊ ဥပဒေချုပ် ဦးမြင့်အောင်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ ယဥ်ကျေးမှုတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦး နှင့် တာဝန်ရှိသူများ၊ ပညာရှင်အကဲဖြတ်ဒိုင်လူကြီးများ၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ စုစုပေါင်း ၃၀၀ ဦးခန့်တက်ရောက်ကြသည်။

ကျုံပျော်ခရိုင်တွင်၊ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်

လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်တွင် အမှတ်(၇)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်စု (ပုသိမ်)က ဦးစီးဖွင့်လှစ်သည့် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်း ဖွင့်ပွဲကို ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
Subscribe to