နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ ဝန်ထမ်းများအား စာအုပ်စာစောင်များ အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်ပိုင်းက Mobile Library ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

သာစည်မြို့နယ် ညောင်ရမ်းအခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုသို့ ကြည့်ရှုခြင်းနှင့်  Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်  ညောင်ရမ်းအခြေခံပညာအထက်တန်းကျောင်း၌   အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား/သူများအား ယမန်နေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉   ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီက သွားရောက်ကြည့်ရှုအားပေးပြီး   Mask Campaignနှင့် အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များ Software Program ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ နည်းပညာအသုံးပြု၍ ကွန်ပျူတာအတွင်း ရိုက်သွင်းခြင်းနှင့် Software Program အတွင်းသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်း ဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဇလွန်မြို့နယ် ဦးစီးမှူးရုံးတွင် ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းတည့် ၁၂ နာရီက သွားရောက်ကြည့်ရူ အားပေးခဲ့ကြသည်။

မော်လမြိုင်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး ကော်မတီမှ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့်  ယမန်နေ့ နံနက်(၁၀)က အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို မော်လမြိုင်မြို့၊ ရွှေတောင်ရပ်၊ အိမ်တွင်းမှုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မော်လိုက်မြို့(အထက)ကျောင်း၌ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြော

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မော်လိုက်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၊ စုံညီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေး Booster Dose ထပ်ဆောင်းကာကွယ်ဆေး နေ့စဉ် ထိုးနှံဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုအား ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို နေ့စဉ် Booster Dose ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ “ခေါင်းဆောင်မှုလျှို့ဝှက်ချက် “စာအုပ်ဖြင့်  စာဖတ်ဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာ​ပေချစ်သူများ ပူးပေါင်း၍ စာ​ရေးဆရာချစ်နိုင်ရေးသားသည့် “ခေါင်းဆောင်မှုလျို့ဝှက်ချက်“ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ကျောက်တန်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများ ကျင်းပ

ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတကြွယ်ဝတိုးတက်စေရန်နှင့် ကမ္ဘာ့အထိမ်းအမှတ်နေ့များနှင့် သက်ဆိုင်သည့် ဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်တို့ဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ရောက်ရှိမည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ ယမန်နေ့နေ့လယ် ၁ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့တွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀နာရီ က စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များ စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

နိုင်ငံတစ်ဝန်းလူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များအဖြစ် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီ က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း သပြေခန်းမ၌ ကျင်းပသည်။
Subscribe to