ဂန့်ဂေါမြို့၌ ဗိုလ်ချူပ်လမ်းနှင့် ခရိုင်အားကစားကွင်းလမ်းစုံနေရာတွင် Mask Campaign ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်း၏ဦးဆောင်မှုဖြင့် လူစည်ကားရာနေရာဖြစ်သည့် ဗိုလ်ချုပ်လမ်းနှင့် ခရိုင်အားကစားကွင်း လမ်းစုံနေရာတို့တွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ရေး အသိပညာပေးခြင်းနှင့် Mask (ပါးစပ်နှင့် နှာခေါင်းစည်း)ကို စနစ်တကျတပ်ဆင်ပြီး သွားလာနိုင်စေရေးအတွက် ယနေ့နံနက် ၉ နာရီက Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာ( Community Centre)ခန်းမ၌ လူကုန်ကူးမှုဆိုင်ရာအသိပညာပေး Talk Show ကျင်းပ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်  ရန်ကုန်တိုင်းဒေသကြီး၊‌ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀:၀၀ နာရီက စာရေးဆရာမညွန့်ညွန့်(ကလော)နှင့် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

ပင်းတယမြို့၌ မြေသားလမ်းမှကတ္တရာလမ်းခင်းခြင်း ရာနှုန်းပြည့်ပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ (၃၈၈၀)ရှိပြီး၊ အေးချမ်းသာယာလှပတဲ့ တောင်ပေါ်ဒေသဖြစ်သည်နှင့်အညီ ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များ စိတ်ဝင်တစား လာရောက်လည်ပတ်လေ့ရှိရာ မြို့အင်္ဂါရပ်နှင့်ညီစေရန် မြို့တွင်းသာယာလှပစေရေးနှင့် မြို့တွင်းလမ်းများ အဆင်ပြေချောမွေ့စေရေးအတွက် ပင်းတယမြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ (၁၈)အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ အပိုဆောင်း ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦးကူးစက်မှု လျော့နည်းစေရေး၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ အပိုဆောင်းထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ငွေစာရင်း ထိန်းသိမ်းနည်းဆင့်ပွားသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်  လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ငွေစာရင်းထိန်းသိမ်းနည်းဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့သည်။

မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့်စာအုပ်ပြပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျောင်းသား၊ ကျောင်းသူများနှင့်စာဖတ်ပရိတ်များအား  ကလေးအလုပ်သမားပ ပျောက်ရေးအသိပညာပေး ဟောပြောပွဲနှင့်စာအုပ်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားနည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများ သတင်းစွမ်းဆောင်ရည် တိုးတက်လာစေရန် ရည်ရွယ်၍ သတင်းရေးသားနည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

ကျိုက်လတ်မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ''လူကုန်ကူးမှုတိုက်ဖျက်ရေး'' အသိပညာပေး(Talk Show)ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့တွင် ကျရောက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်တွင် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များအားစျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရေဖြူတပ်နယ်မှ အခြေခံစား သောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များအား  စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က ရေဖြူမြို့ (ခ)ရပ်ကွက်၊ ဆေးရုံလမ်းအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအရှေ့တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to