ကျောက်တံတားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာ( Community Centre)ခန်းမ၌ လူကုန်ကူးမှုဆိုင်ရာအသိပညာပေး Talk Show ကျင်းပ

ကျောက်တံတား   စက်တင်ဘာ   ၁၃

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်  ရန်ကုန်တိုင်းဒေသကြီး၊‌ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀:၀၀ နာရီက စာရေးဆရာမညွန့်ညွန့်(ကလော)နှင့် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေး Talk Show တွင် စာရေးဆရာမညွန့်ညွန့်(ကလော)က မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှုအဓိပ္ပါယ်၊ လူကုန်ကူးမှုအများဆုံးနိုင်ငံများအကြောင်းနှင့် လက်ရှိလူကုန်ကူး ခံရမှုအခြေအနေများ၊ နည်းလမ်းများနှင့် လူကုန်ကူးမှုခံရသူတို့၏စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများစသည်တို့ကို အသိပညာရရှိဖွယ်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါလူကုန်ကူးမှုဆိုင်ရာအသိပညာပေး Talk Show ကို ကျောက်တံတားမြို့နယ် ပညာ့အလင်းခေတ်မီစာကြည့်တိုက် Facebook Page တွင် လွှင့်တင်ပေးသွားမှာဖြစ်ပြီး ပညာ့အလင်းခေတ်မီစာကြည့်တိုက်အနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိ‌စေရန် အစီအစဉ်ကောင်းများကို စဉ်ဆက်မပြတ်လွှင့်တင်ဆောင်ရွက်လျက်ကြောင်း သတင်းရရှိသည်။

ရွှေဇင်ခိုင် (ပြန်/ဆက်)